(၃)ထပ်လောက် အိမ်တစ်ဆောင်ဆောက်မယ် Foundation ဘယ်နှစ်ပေချရမလဲ??
စသဖြင့် အဆောက်အဦရဲ့ အထပ် နဲ့လိုက်ပြီး ဖောင်ဒေးရှင်းအနက်ကို ခန့်မှန်းပြီးတော့ အရပ်ထဲမှာ ဆောက်လုပ်နေထိုင် ရောင်းချနေကြတာများပါတယ်။
ဒါက တော်တော်လေး မှားယွင်းပြီး အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ (လုပ်သင့်တာကတော့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ နဲ့ ဒီဇိုင်းတွက်ချက်ဆောက်လုပ်ခြင်းဖြစ်ပါတယ်။)
အင်ဂျင်နီယာကတော့ ဒီလိုပဲပြောမှာပေါ့။ ဆိုပေမယ့် မပြောရင် ဆုံးရှုံးမှာက အိမ်ပိုင်ရှင်တွေပါ။
အပေါ်က အယူအဆက ဘာကြောင့်မှားလဲဆိုတာကို နားလည်လွယ်အောင် ပြောပြပါမယ်။
ဖောင်ဒေးရှင်းဆိုတာ အဆောက်အဦးရဲ့အလေးချိန်၊ အဆောက်အဦပေါ်မှာရှိတဲ့ ပရိဘောဂ ပစ္စည်းတွေရဲ့ အလေးချိန်၊ အဆောက်အဦးပေါ်နေထိုင်တဲ့လူတွေရဲ့ အလေးချိန်တွေကို မြေကြီးဆီကို ရောက်သွားအောင် ကူညီပေးပါတယ်။
ဖောင်ဒေးရှင်းရဲ့ အနက်က
ကိုယ့်အဆောက်အဦတည်ရှိမယ့် မြေအမျိုးအစား၊ အဲ့ဒီမြေရဲ့ခံနိုင်ရည် စတာတွေအပေါ်မူတည်ပြီးတော့ ရွေးလို့ရပါတယ်။ လွယ်လွယ်ပြောရရင် အနက်ကို အင်ဂျင်နီယာက သင့်တော်တဲ့အနက်မှာ ထားလို့ရပါတယ်။
ဖောင်ဒေးရှင်းအကျယ်အဝန်း ဧရိယာကိုတော့ ထားချင်သလိုထားလို့မရပါဘူး။ အဲ့ဒီ
အနက်မှာ ရှိတဲ့မြေကြီးရဲ့ ခံနိုင်ရည်အပေါ်မူတည်ပြီးတော့ ဖောင်ဒေးရှင်းရဲ့ ဧရိယာ (ဖိနပ်
ဧရိယာ) ပြောင်းလဲနိုင်ပါတယ်။ မြေကြီးက တစ်ပေပတ်လည်ကို ၀.၅
တန် ခံနိုင်တယ်ဆိုရင် ဖောင်ဒေးရှင်း ဧရိယာ များများလိုမှာ ဖြစ်ပြီးတော့ ၊
မြေကြီးက တစ်ပေပတ်လည်ကို ၁တန် ခံနိုင်တယ်ဆိုရင် ဖောင်ဒေးရှင်း ဧရိယာက
ခုနကထက် နည်းလာမှာ ဖြစ်ပါတယ်။ အဆောက်အဦရဲ့ အလေးချိန်နဲ့လည်း ဆိုင်ပါသေးတယ်။ မိမိအဆောက်အဦးက ၂ထပ်ဖြစ်နေလို့ အလေးချိန် နည်းနေရင် ဖောင်ဒေးရှင်းဧရိယာ အနည်းသာလိုမှာ ဖြစ်ပြီးတော့၊ အဆောက်အဦက ၄ထပ်ဖြစ်သွားလို့ အလေးချိန်များသွားခဲ့ရင် ဖောင်ဒေးရှင်းဧရိယာ အများလိုမှာ ဖြစ်ပါတယ်။
ဧရိယာကသာ တကယ်အရေးကြီးပါတယ်။ (မြေပေါ်တင်ထားလို့တော့ မရဘူးပေါ့)
ဧရိယာ အရေးကြီးတယ်ဆိုတာကို ဥပမာပြပါမယ်။
လှေစီးတာကို ဥပမာအနေနဲ့ ကြည့်ရင်...လှေသေးသေးပေါ်မှာ အလေးချိန်တစ်တန်လောက်တောင် တင်နိုင်မှာမဟုတ်ပေးမယ့် လှေကြီးတစ်စီး ပေါ်မှာဆိုရင်တော့ တစ်တန်ထက် ပိုတင်နိုင်ပါလိမ့်မယ်။ ဆိုလိုတာက လှေကြီးက ဧရိယာများတော့ အလေးချိန်များများထမ်းနိုင်တယ်ပေါ့။
နောက်တစ်ခုက လှိုင်းစီးတဲ့ surfboard ကို
ဥပမာအနေနဲ့ ကြည့်ပါ။ ကလေးဆိုဒ် သေးသေးလေးပေါ်မှာ လူကြီးတက်စီးရင် အလေးချိန်ကိုမထမ်းနိုင်ပဲ နစ်မြုပ်သွားမှာဖြစ်ပါတယ်။
ဒါက အနက်နဲ့ ဧရိယာအကြောင်း နားလည်လွယ်အောင် ပြောပြခြင်းသာဖြစ်ပါတယ်။ တကယ် ဖောင်ဒေးရှင်း ဒီဇိုင်းက စဉ်းစားစရာအချက်တွေ အများကြီးကျန်ပါသေးတယ်။ ဟန်ချက်ညီအောင် (balanceညီအောင်) စဉ်းစားရပါတယ်။ ဖောင်ဒေးရှင်းတစ်ခြမ်းနိမ့်ဆင်းသွားလို့ မဖြစ်ပါဘူး။ လုံလောက်တဲ့ footing(ဖိနပ်)
အထူရဖို့အတွက်လည်း တွက်ချက်ရပါတယ်။ footing မကျိုးသွားဖို့ တွက်ချက်ရပါတယ်။
#ဖောင်ဒေးရှင်း က အရေးကြီးပါတယ်။
Photo credit - Internet

0 Comments