ခုနောက်ပိုင်း အိမ်ခြံတွေလည်း ဈေးကြီးလာတော့ ခြံကျယ်ကျယ်ဝန်းဝန်းရှိဖို့က မလွယ်တော့ပါဘူး။ ဒီတော့ အိမ်ဆောက်မယ့်သူတွေအနေနဲ့ကလည်း ကိုယ့်အိမ်ကို ခြံအပြည့် လိုချင်လာကြတာက မဆန်းပါဘူး။ သို့ပေမယ့် ဒီနေရာမှာ ပြသနာ တစ်ခုရှိလာပါတယ်။ အဆောက်အဦရဲ့ တိုင်အောက်ခြေမှာရှိတဲ့ footing (ဖိနပ်) ရဲ့ ပြသနာဖြစ်ပါတယ်။ အဲ့ဒီပြသနာအကြောင်းမပြောခင် footing ထည့်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်စဉ်းစားဖို့လိုပါတယ်။ footing က ဘာလို့ ထည့်ရတာလဲ …. မပါလို့ကော မရဘူးလားပေါ့။
Footing တွေ
ထည့်ရခြင်းရဲ့ ရည်ရွယ်ချက်က အဆောက်အဦရဲ့ အလေးချိန် (အလေးချိန်ဆိုတဲ့နေရာမှာ အဆောက်အဦရဲ့ ကိုယ်ပိုင်အလေးချိန်၊ အသုံးပြုသူတွေရဲ့ အလေးချိန်၊ ပရိဘောဂ တွေရဲ့ အလေးချိန်၊ စသဖြင့်ပေါ့…) တွေကို
ထမ်းပေးဖို့ဖြစ်ပါတယ်။ တနည်းအားဖြင့် အဆောက်အဦမြေကြီးထဲ ကျွံကျမသွားအောင် ထမ်းပေးဖို့ ဖြစ်ပါတယ်။ Engineering အသုံးအနှုန်းနဲ့ ပြောရရင်တော့ အအောက်အဦရဲ့ အလေးချိန်ကို မြေကြီးဆီကို transfer လုပ်ပေးဖို့ (ပို့ပေးဖို့) ဖြစ်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ဖိနပ်ဧရိယာ ရှိဖို့လိုပါတယ်။ (ဒီအကြောင်းကို Post တစ်ခု
ရေးထားပြီးပါပြီ။ cmt မှာကြည့်လို့ရပါတယ်။)
Footing တွေအကြောင်း ဆက်မပြောခင် လှေစီးတဲ့ အကြောင်းလေးကို စဉ်းစားကြည့်ရအောင်။ လှေစီးတဲ့အချိန်မှာ လူအရေအတွက်ပေါ်မူတည်ပြီးတော့ လှေအရွယ်အစားကို ရွေးရမှာဖြစ်ပါတယ်။ (ဒါက footing area သတ်မှတ်တာနဲ့ သဘောတရား တူပါတယ်။) ဒါ့အပြင် လှေရဲ့
ရှေ့ဘက် (သို့)
နောက်ဘက်ပိုင်းတစ်ဘက်တည်းမှာပဲ လူတွေအကုန်လုံးစုထိုင်လိုက်ရင်ဘလိုဖြစ်လာမလဲ။ လှေရဲ့
နံတစ်ဘက်ခြမ်းမှာပဲ လူတွေအကုန်လုံး စုထိုင်လိုက်ရင် ဘလိုဖြစ်လာမလဲ။ သိကြတဲ့အတိုင်းပဲဖြစ်ပါတယ်။ လှေတစ်ခြမ်း မစောင်းသွားဖို့ (သို့)
လှေတစ်ပိုင်း မနစ်သွားဖို့ အတွက်ဆိုရင် လှေပေါ်မှာရှိတဲ့ လူတွေက အလေးချိန်မျှတအောင် ထိုင်ဖို့လိုပါတယ်။ ဒါကို
အလေးချိန်ရဲ့ center နဲ့
(လှေ)ဧရိယာရဲ့ center ထပ်တူကျတယ်လို့ ဆိုပါတယ်။
ဒီလိုပါပဲ အဆောက်အဦရဲ့အလေးချိန်တွေကိုသယ်ယူလာမယ့် column (တိုင်)
center နဲ့ အဲ့ဒီအလေးချိန်ကို ထမ်းပေးမယ့် footing area ရဲ့ center ထပ်တူကျဖို့လိုပါတယ်။ အဲ့ဒီလို ထပ်တူမကျရင်တောင် သတ်မှတ်တဲ့ ဘောင်အတွင်းဝင်ဖို့လိုပါတယ်။ (engineering အသုံးအနှုန်းနဲ့ ပြောရရင် အဲ့ဒီထပ်တူမကျတဲ့ center of weight နဲ့
center of footing area ကြားအကွာအဝေးလေးကို eccentricity လို့ခေါ်ပါတယ်။ အဲ့ဒီ eccentricity ကို
သတ်မှတ် limit အတွင်းဝင်အောင်လုပ်ပေးရပါတယ်။) eccentricity များသွားရင် footing တစ်ဘက်ခြမ်းက ပိုပြီးအဖိခံရပြီးတော့ စောင်းသွားတတ်ပါတယ်။ စောင်းသွားတော့ အဲ့ဒီ footing က
သူရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အလေးချိန်တွေကိုထမ်းပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုကိစ္စတွေအတွက် သေချာတွက်ချက်ဒီဇိုင်းလုပ်မထားရင် အန္တရာယ်ရှိပါတယ်။
ပြသနာကဘာလဲဆိုတော့ အဆောက်အဦကို ခြံအပြည့်ဆောက်ချင်တဲ့အခါ အစွန်ဆုံးတိုင်တွေက သူ့အောက်မှာရှိတဲ့ footing ရဲ့
center နဲ့ ထပ်တူကျဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် footing အစွန်ဆုံးမှာ column ရှိနေတာမျိုးမဟုတ်ဘဲ eccentricity နည်းနည်းသာရှိပြီး အသေအချာ ဒီဇိုင်းလုပ်ထားရင် လက်ခံနိုင်တဲ့ အနေအထားဖြစ်ရင်တော့ အဆင်ပြေပါတယ်။ eccentricity အရမ်းများသွားရင်တော့ အပေါ်မှာပြောခဲ့သလို footing တစ်ဘက်စောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ footing စောင်းသွားရင် အလေးချိန်တွေကို မထမ်းနိုင်တော့တာ ဖြစ်တဲ့အတွက် အဆောက်အဦစောင်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်
သေချာဒီဇိုင်းတွက်ချက်ထားဖို့လိုပါတယ်။ single footing (တစ်လုံးတည်း) လုပ်ဖို့မဖြစ်နိုင်တော့ဘူးဆိုရင် combined footing/
strap footing စသဖြင့် ဒီဇိုင်းလုပ်ရပါတယ်။
ဒီဇိုင်းမလုပ်ထားပဲ စိတ်ကူးထဲရှိတဲ့အတိုင်း လုပ်လိုက်ရင် အရမ်းအန္တရာယ်ရှိပါတယ်။
အပေါ်ပိုင်း (superstructure) ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားပေမယ့် footing တစ်လုံး error / failure ဖြစ်ရင် အဆောက်အဦ တစ်ခုလုံးကို ထိခိုက်ပါတယ်။ Footing က
အရေးကြီးပါတယ်။

0 Comments