1. Architectural Design ရေးဆွဲခြင်း
Architectural
design ကို သက်ဆိုင်ရာ professional ဖြစ်တဲ့ Architect တစ်ယောက်ယောက်ဆီမှာ (သို့မဟုတ်) Architectural Design Firm တစ်ခုခုဆီမှာ အပ်သင့်ပါတယ်။ “အိမ်ပုံလှလှလေးဆွဲတာများ ဒို့ဘကြီး ပန်းချီဆရာဆီမှာအပ်မယ်” ဆိုလို့မရပါဘူး။ Architecture ဆိုတာ
ဒီထက် အများကြီးပိုပါတယ်။ (အာခီတက်တစ်ယောက်ဆိုရင်ပိုရှင်းပြနိုင်ပါလိမ့်မယ်)။
ကျနော်သိသလောက် ပြောရရင်
- ပထမဆုံးတော့ Aesthetic appearance ပေါ့။ ကိုယ့်ရဲ့ အိမ်လေးဟာ သေသပ်လှပပြီးတော့ ထူးခြားနေမယ်။ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတ ဖြစ်နေမယ်။
- ဒါ့အပြင် architect တစ်ယောက် design လုပ်ထားတဲ့ အခန်းတွေတိုင်းဟာ နေချင်စဖွယ်ဖြစ်နေမယ်။
- အလင်းရောင်ကောင်းစွာရရှိသဖြင့် နေ့ဘက်တွေမှာ လျှပ်စစ်မီးထွန်းစရာမလိုဘဲ ရှိနေမယ်။
- လေကောင်းလေသန့်ရအောင်ဆောင်ရွက်ထားသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်နေမယ်။
- ကိုယ့်မိသားစုတွေနဲ့ ကိုယ့်အိမ်လာလည်တဲ့သူတွေကို စိတ်ချမ်းသာစေမယ်။
တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။
Architects တွေ
မရှိတဲ့ဒေသတွေ၊ ဆက်သွယ်ဖို့ခက်ခဲတဲ့ဒေသတွေ အနေနဲ့လည်း ဖြစ်သလို လက်တန်းဆောက်တာမျိုုးမဟုတ်ဘဲ ကိုယ့်အိမ်ကို ဘယ်လိုမျိုးလိုချင်တယ်၊ ဘယ်လိုအသုံးပြုမယ် ဆိုတာတွေကို ကျွမ်းကျင်တဲ့ Engineer တွေနဲ့
တိုင်ပင်ပြီး plan တွေချ၊
အိမ်ပြီးတဲ့အခါ ဘလိုမျိုးဖြစ်လာမလဲဆိုတာတွေကို 3D model လေးဆွဲ
ပြီး decoration တွေ
လုပ်ကြည့်၊ လက်တွေ့မဆောက်ခင် စာရွက်ပေါ်မှာ အရင်
ဆောက်ကြည့်တာပေါ့။ ဒါမျိုးက မကြိုက်ရင် ဖျက်လို့ရတယ်၊ ပြောင်းလို့ရတယ်။ လက်တွေ့ဆောက်ပြီးရင်တော့ ဖျက်ဖို့ခက်သွားမယ်။
2. Structural
Design တွက်ချက်ခြင်း
စိတ်တိုင်းကျတဲ့ ဖွဲ့စည်းပုံတွေ ရရှိပြီဆိုရင်တော့ “ရော့ဆောက်တော့”
ဆိုပြီးတော့ ပန်းရံလက်ထဲသို့ ဖြစ်ဖြစ်၊ အင်ဂျင်နီယာ လက်ထဲသို့ ဖြစ်ဖြစ် အပ်လိုက်လို့မဖြစ်ပါဘူး။ Column ကို
ဘယ်အရွယ်အစားသုံးမယ်၊ Beam က
ဘယ်လောက်ဖြစ်သင့်တယ်၊ Slab က
ဘယ်လောက်အထူသုံးမယ်၊ သံချောင်းတွေက ဘယ်လောက်အရွယ်အစားသုံးမယ်၊ ဘယ်လောက်များများသုံးမယ် ဆိုတာတွေကို ခန့်မှန်းရုံနဲ့ မရပါဘူး။ ခန့်မှန်းတာတွေက safe မဖြစ်တဲ့ အပြင်
မလိုအပ်ဘဲ ပိုကုန်ကျသွားမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဘယ်နေရာမှာ ဘယ်
size ကို သုံးမယ်၊ သံချောင်းဘယ်လောက်သုံးမယ်ဆိုတာကို သက်ဆိုင်ရာ loading (ဝန်) တွေပေါ်မူတည်ပြီးတော့ Structural Designer က
တွက်ချက်ရတာဖြစ်ပါတယ်။
Structural Design လုပ်တယ်ဆိုတာ အဆောက်အဦရဲ့ကိုယ်ပိုင်အလေးချိန်တွေ၊ အဆောက်အဦကိုအသုံးပြုမယ့်လူတွေရဲ့ အလေးချိန်တွေ၊ အဆောက်အဦပေါ်တင်မဲ့ပရိဘောဂတွေရဲ့ အလေးချိန်တွေ၊ ငလျင်လှုပ်တဲ့အခါ အဆောက်အဦပေါ်သက်ရောက်နိုင်တဲ့ အားတွေ၊ အဆောက်အဦ ဆောက်လုပ်မယ့် မြေရဲ့တည်နေရာ၊ မြေအမျိုးအစား စတာတွေပေါ်မူတည်ပြီးတော့ သင့်တော်တဲ့ sizes ( column size
& beam size) တွေဖြစ်အောင်၊ မလိုအပ်ဘဲလည်း အပိုမသုံးမိအောင်၊ Engineering theory
တွေ၊ ဆောက်လုပ်ရေးဌာနကသက်မှတ်ပေးတဲ့ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်တွေ၊ Engineers တွေရဲ့
Design အတွေ့အကြုံတွေကို အသုံးပြုပြီး တွက်ချက်ရတာဖြစ်ပါတယ်။
Structural Design မှာ
အဓိကအားဖြင့် အောက်ပါအချက်တွေကို စဉ်းစားရပါတယ်။
- Safety ဖြစ်အောင် စဉ်းစားရပါတယ်။ သက်ဆိုင်ရာ loading ကိုထမ်းရတဲ့အချိန်မှာ တစ်ဆောင်လုံးပြိုသွားလို့ မရသလို အဆောက်အဦရဲ့ အစိတ်အပိုင်းတစ်ခုခုလည်း ကျိုးကျပျက်စီးသွားလို့မရပါဘူး။
- ကုန်ကျစရိတ် နည်းနိုင်သမျှနည်းအောင် စဉ်းစားရပါတယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်သလောက်ပဲ သုံးရပါတယ်။ တည်ဆောက်ရာမှာလွယ်ကူအောင်လည်း စဉ်းစားရပါတယ်။
- အချိန်ကြာလာတာနဲ့အမျှ beam တို့ slab တို့ဟာ
ကွေးညွှတ်တတ်ပါတယ်။ Deflection ဖြစ်တယ်လို့ ခေါ်ပါတယ်။ Deflection များလာရင် crack တွေ ပေါ်လာမယ်။ အဆောက်အဦရဲ့အတွင်းဘက်မှာ crack အနည်းငယ်ပေါ်တာက ပြဿနာတော့မဟုတ်ပေမယ့် အိမ်ရှင်တွေကို စိုးရိမ်စိတ်ကိုတော့ ဖြစ်စေမှာပါ။ အပြင်ဘက် beam တွေမှာ
crack တွေဖြစ်လာရင် ရေတွေဝင်ပြီးတော့ သံချောင်းတွေကို သံချေးတက်စေတာမျိုးတွေ ဖြစ်စေပါတယ်။ ဒီတော့
deflection ကို တတ်နိုင်သမျှ နည်းအောင် စဉ်းစားပေးရပါတယ်။
- ငလျင်လှုပ်တဲ့အချိန်မှာလည်း အဆောက်အဦဟာ ဘေးတိုက်ရွေ့လျားတာမျိုး ဖြစ်ပါတယ်။ ဒီအရွေ့ ကိုလည်း သက်ဆိုင်ရာ limit ထဲ ဝင်အောင် စဉ်းစားပေးရပါတယ်။
- အသုံးပြုတဲ့ ပစ္စည်းတွေကလည်း ရေရှည်ခံဖို့လိုပါတယ်။ မီးလောင်ခဲ့ရင်လည်း မီးဒဏ်ကိုအချိန်တစ်ခုထိ ခံနိုင်ဖို့ စဉ်းစားရပါတယ်။
- အပေါ်က
သက်ရောက်တဲ့ loading တွေ
အားလုံးကို မြေကြီးဆီ ပို့နိုင်ဖို့အတွက် Foundation Design လုပ်ရပါတယ်။ Foundation ပျက်စီးရင် အဆောက်အဦတစ်ခုလုံးလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အဆောက်အဦ တစ်ခြမ်းစောင်းသွားတာမျိုးမဖြစ်ဖို့ သေချာအောင် လုပ်ရပါတယ်။
3. Soil Test ပြုလုပ်ခြင်း
Structural Design မပြုလုပ်ခင်ကတည်းက Soil Test ပြုလုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Soil Test Report ကို
အသုံးပြုပြီးတော့မှ Structural Design ပြုလုပ်ရတာဖြစ်လို့ပါ။ Soil Test Report မပါဘဲနဲ့ Structural Design ပြုလုပ်ရင် ကိုယ့်အဆောက်အဦလာဆောက်မဲ့ မြေအမျိုးစားက ဘာလဲဆိုတာ မသိရပါဘူး။ အဲ့ဒီမြေက ဘယ်လောက်ခံနိုင်အားရှိလည်း မသိနိုင်ပါဘူး။ အပေါ်က ကျလာတဲ့ weight တွေကို ထမ်းနိုင်ဖို့အတွက် Footing area ဘယ်လောက်ထားရမလဲ မသိနိုင်ပါဘူး။ ဒီတော့
Footing area က နည်းကောင်းနည်းနိုင်တယ်။ များကောင်းလည်း များနိုင်တယ်။ နည်းရင် safe မဖြစ်ပါဘူး။ အပေါ်က
ကျလာတဲ့ weight တွေကို
မထမ်းနိုင်ပါဘူး။ Footing ကျွံကျတာမျိုးတွေဖြစ်တတ်ပါတယ်။ Footing ကျွံကျရင် အဆောက်အဦကိုပါ ထိခိုက်ပါတယ်။ Footing area များသွားရင်လည်း ( လိုတာထက်ပိုသွားသွားရင်) ကုန်ကျစရိတ်ပိုများမှာ ဖြစ်ပါတယ်။
Soil Test လုပ်လိုက်ရင် အနက်ဘယ်လောက်မှာ ဘယ်လောက်ခံနိုင်အားရှိတယ်ဆိုတာတွေကို သိရပါတယ်။ ဘယ်မြေအမျိုးအစားလဲဆိုတာကို သိရပါတယ်။ အဆောက်အဦရဲ့အောက်က မြေအမျိုးအစားကိုလိုက်ပြီး ငလျင်လှုပ်တဲ့အခါမှ အဆောက်အဦက ငလျင်အား ဘယ်လောက်ကို ခံရသလဲဆိုတာကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ အဲ့ဒီငလျင်အားကို ခံနိုင်အောင်အတွက် အဆောက်အဦကို design လုပ်ထားလို့ရပါတယ်။
4. M&E Design
လွယ်လွယ်ပြောရရင် M&E ဆိုတာက
Mechanical and Electrical System တွေ ဖြစ်ပါတယ်။ Mechanical လုပ်ငန်းတွေကတော့ water supply လုပ်ငန်းတွေ၊ Sanitation လုပ်ငန်းတွေ၊ air-con လုပ်ငန်းတွေ အတွက် စနစ်တကျ ထိထိရောက်ရောက် ဖြစ်အောင်၊ မလိုအပ်ဘဲ အပိုမသုံးမိအောင်၊ engineering theory
တွေ သုံးပြီးတော့ တွက်ချက်ရတာဖြစ်ပါတယ်။ Electrical လုပ်ငန်းတွေလည်း အလားတူပါပဲ။ ခန့်မှန်းပြီးတော့ တပ်ဆင်တာက safe ဖြစ်တယ်လို့လည်း မပြောနိုင်သလို၊ အကုန်အကျလည်း ပိုများချင် များနိုင်ပါတယ်။
Archi Design ပဲ
ဖြစ်ဖြစ်၊ Structural Design ပဲ
ဖြစ်ဖြစ်၊ M&E Design ပဲ
ဖြစ်ဖြစ် ဒီဇိုင်းအတွက် ကုန်ကျတဲ့ ငွေးကြေးပမာဏဟာ မလိုအပ်ဘဲ ပိုသုံးမိတဲ့ ပမာဏထက်တောင် နည်းနိုင်ပါတယ်။ ဒါအပြင် ရရှိတဲ့ အကျိုးကျေးဇူးတွေကလည်း ပေးရတဲ့ ငွေကြေးပမာဏနဲ့ ထိုက်တန်ပါတယ်။
0 Comments