ဒီမေးခွန်းက တကယ်တော့ မှားနေပါတယ်။ ဘာလို့မှားနေလဲဆိုတာကို ဆက်ဖတ်သွားပေးရင် တွေ့ပါလိမ့်မယ်။
ASCE 7 အရ Structural Systems (Moment Frame, Braced Frame, Dual System,....) တွေကို ရွေးတဲ့အခါ ကျနော်တို့က Seismic Design Category (SDC) နဲ့ ရွေးရပါတယ်။ SDC က A.B,C,D,E&F ဆိုပီးတော့ ရှိပါတယ်။ SDC A ကိုတော့ Seismic Design စဉ်းစားစရာမလိုပါဘူး။ SDC B ဆိုရင် OMRF ကို သုံးလို့ရပါတယ်။ SDC C ဆိုရင် အနည်းဆုံး IMRF ကို စသုံးရပါတယ်။ SDC D, E & F တွေဆိုရင်တော့ SMRF ကို စသုံးရပါတယ်။
Seismic Design Category (SDC) ဆိုတာက အောက်ပါ အချက်တွေပေါ် မူတည်ပါတယ်။
1. Seismic Risk Level,
2. Site Class of Soil,
3. Occupancy Category
1. Seismic Risk Level ဆိုတာကတော့ အဲ့ဒီနေရာ အဲ့ဒီဒေသမှာ ငလျင်ပြင်းအား ဘယ်လောက်ဖြစ်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို Code တွေ မှာ mapped MCER (maximum considered earthquake) spectral response acceleration parameter at short periods SS နဲ့ at long periods S1 ဆိုပြီးတော့ ပေးထားပါတယ်။
2. Site Class of Soil ကတော့ A, B, C, D, E & F ဆိုပြီးတော့ ၆ခု ရှိနေပြန်ပါတယ်။
Ref; MNBC-2016
Site Class A က အမာဆုံး ဖြစ်ပြီးတော့ Site Class F ကတော့ အပျော့ဆုံးဖြစ်ပါတယ်။ Site Class ကို လိုက်ပြီးတော့ map က ပေးထားတဲ့ Ss နဲ့ S1ကပြောင်းသွားပါတယ်။ Site Class Coefficient တွေနဲ့ မြှောက်လိုက်တာဖြစ်ပါတယ်။ SMS နဲ့ SM1 ဆိုပြီးတော့ ဖြစ်လာပါတယ်။
ဒီကနေမှ ကျနော်တို့ design လုပ်မယ့် Design Spectral Response Acceleration Parameters SDS နဲ့ SD1 ဆိုပြီးတော့ ဖြစ်လာပါတယ်။
3. Occupancy Category ဆိုတာကတော့ အဆောက်အဦရဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်နဲ့ ဆိုင်ပါတယ်။ ယာယီဆောင်လား၊ လူနေအိမ်လား၊ တက္ကသိုလ်လား၊ မူကြိုကျောင်းလား၊ ဆေးရုံလား၊ မီးသတ်ဌာနလား စသဖြင့် အသုံးပြုပုံကိုလိုက်ပြီး Category ကွာသွားပါတယ်။
Occupancy Category ရယ် SDS နဲ့ SD1 ရယ်ကိုလိုက်ပြီးတော့ Seismic Design Category SDC ကိုရွေးရတာဖြစ်ပါတယ်။
table နှစ်ခုလုံးနဲ့ ကြည့်ပြီးတော့ control ဖြစ်တာကိုပဲ ယူလိုက်တာပါ။ ပိုပြင်းတဲ့ဟာ control ဖြစ်တာပေါ့။ ဉပမာ ကိုယ့် site က table 11.6-1 မှာ ကြည့်တဲ့ချိန် SDC B ဖြစ်နေပေမယ့် table 11.6-2 မှာ SDC C ဖြစ်နေမယ်ဆိုရင် SDC C က control ဖြစ်မှာပါ။
SDC E & F ဆိုတာကတော့ code က ပေးထားတဲ့ mapped MCER (maximum considered earthquake) spectral response acceleration parameter at long periods S1 နဲ့ ဆိုင်ပါတယ်။ S1 က 0.75 ဖြစ်ပြီးတော့ Occupancy Category I or II or III ထဲမှာ ရှိနေမယ်ဆိုရင် SDC E ပါ။ S1 က 0.75 ဖြစ်ပြီးတော့ Occupancy Category IV ထဲမှာ ရှိနေမယ်ဆိုရင်တော့ SDC F ဖြစ်မှာပါ။
SDC ကို ရပြီဆိုရင် အစမှာ ပြောခဲ့သလိုပဲ Structural Systems ရွေးလို့ရပါပြီ။
0 Comments