ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ the Inner Core (radius~1290km), the Outter Core (thickness~2200 km), the Mantle (thickness~2900km) and the Crust (~5 to 40 km) ဆိုပြီးတော့ အလွှာကြီး ၄ခု ရှိပါတယ်။
Ref: Earthquake Tips
The Crust နဲ့ The Core ကြားက အပူရှိန်နဲ့ ဖိအား ပြောင်းလဲခြင်းကြောင့် Mantle မှာ convection currents (ပူပြီး သိပ်သည်းဆနည်းတဲ့ အရာတွေက အပေါ်သို့တက်၍ အေးပြီးသိပ်သည်းဆများတဲ့ အရာတွေက အောက်ဘက်သို့ဆင်းခြင်း) ဖြစ်ပေါ်လာပါတယ်။
ဒီဖြစ်စဉ်ကြောင့် ချော်ရည်ပူတွေကအပေါ်သို့တက်လာပြီးတော့ အေးတဲ့ ကျောက်တုန်းကြီးတွေက ကမ္ဘာမြေကြီးထဲသို့ နစ်ဆင်းသွားပါတယ်။ဒီဖြစ်စဉ်တွေဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက် နေရာအနှံ့မှာ ဖြစ်ပျက်နေပြီးတော့ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းတွေကို မတူညီတဲ့ directions တွေ အတိုင်းရွေ့လျားမှုဖြစ်စေပါတယ်။
အဲ့ဒီလို စီးကူးမှုတွေဟာဆိုရင် Crust နဲ့ Mantle ရဲ့ အစိတ်အပိုင်းတစ်ချို့ကို Outer Core ပေါ်မှာ slide (ရွေ့လျားမှူ)ဖြစ်စေပါတယ်။ ရွေ့လျားနေတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတွေကို tectonic plates လို့ခေါ်ပါတယ်။
ကမ္ဘာမျက်နှာပြင်မှာ အဓိက tectonic plates ကြီး (၇)ခု ရှိပြီးတော့ tectonic plates အသေးတွေအများကြီးရှိပါတယ်။ Tectonic plates တွေဟာ မတူညီတဲ့ speed တွေနဲ့ မတူညီတဲ့ directions မှာ ရွေ့လျားနေကြပါတယ်။ Plate တစ်ခုနဲ့ တစ်ခု ထိစပ်ရွေ့လျားတဲ့ ပုံစံ (၃)မျိုးရှိပါတယ်။ (1) Convergent Boundary (2) Divergent Boundary (3) Transform Boundary.
Tectonic plates တစ်ခုနဲ့တစ်ခု ရွေ့လျားမှုကြားတွင် မြေကြီးထဲမှာရှိတဲ့ ကျောက်တုံးကြီးတွေက plate မရွေ့အောင်ထိန်းထားကြတဲ့အတွက်ကြောင့် Elastic Strain Energy လို့ခေါ်တဲ့ စွမ်းအင်တွေ တဖြည်းဖြည်းနဲ့ စုဆောင်းမိလာပါတယ်။ ဒါပေမယ့် ကျောက်တွေက (brittle) ကျွတ်ဆပ်တဲ့ သဘောရှိတဲ့အတွက် Energy က သူတို့ရဲ့ ခံနိုင်ရည် ကိုကျော်သွားတဲ့ အခါ ကမ္ဘာမြေကြီးက ရုတ်တရက် ရွေ့လျားမှု ဖြစ်ပေါ်ပါတယ်။
(ဉပမာ-ကျနော်တို့ လက်ဖျောက်တီးတဲ့အခါ လက်မနဲ့ လက်ခလယ်တို့ဟာ direction တစ်ဖက်စီကို ရွေ့လျားရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ချောင်းနှစ်ခုကြား ပွတ်တိုက်မှုကြောင့် ချက်ချင်းမရွေ့ဘဲ energy တွေကို စုဆောင်းထားပါတယ်။ energy တွေများလာတဲ့အခါမှ လက်မနဲ့ လက်ခလယ်ဟာ ရုတ်တရက် ရွေ့သွားပြီး အသံမြည်တာဖြစ်ပါတယ်။) ဒီလိုမျိုး ကမ္ဘာမြေကြီးရွေ့လျားမှုကို ငလျင်လို့ ခေါ်တာဖြစ်ပါတယ်။

0 Comments