Ref: Earthquake Tips
ပထမဆုံးအခေါ်အဝေါ်တွေကို အရင်ဆုံး ကြည့်လိုက်ရအောင်။ ငလျင်စဖြစ်ရာ နေရာကို Focus or Hypocenter လို့ခေါ်ပါတယ်။ အဲ့ဒီအပေါ်တည့်တည့် မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ နေရာကိုတော့ Epicenter လို့ခေါ်ပါတယ်။ Focus နဲ့ Epicenter ကြား အကွာအဝေးကို Focal Depth လို့ခေါ်ပါတယ်။ Epicenter နဲ့ ကိုယ့်အဆောက်အဦရှိမယ့်နေရာကိုတော့ Epicentral Distance လို့ခေါ်ပါတယ်။
ကြီးမားတဲ့ ငလျင်တစ်ခု မလှုပ်ခင်နဲ့ လှုပ်ပြီးတိုင်းကို ငလျင်အသေးလေးတွေလှုပ်တတ်ပါတယ်။ ငလျင်ကြီး မလှုပ်ခင် လှုပ်တဲ့ ငလျင်သေးလေးတွေကို foreshocks လို့ ခေါ်ပြီးတော့ ငလျင်ကြီး လှုပ်ပြီးတဲ့အချိန် လှုပ်တဲ့ ငလျင်သေးလေးတွေကို aftershocks လို့ ခေါ်ပါတယ်။
Earthquake Magnitude ဆိုတာကတော့ ပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက ငလျင်က ကြီးတယ်သေးတယ်ဆိုတာကို တိုင်းတာခြင်း ဖြစ်ပါတယ်။ အများဆုံးတိုင်းတာတဲ့ unit ကတော့ Richter Scale ဖြစ်ပါတယ်။ Richter Scale 1.0 ကွာတိုင်း ထုတ်လွှတ်တဲ့ စွမ်းအင်က (၃၂)ဆ လောက်ကွာတတ်ပါတယ်။ ဉပမာ M 7.7 ရှိတဲ့ ငလျင်ဟာ M 6.7 ထက် (၃၂)ဆ စွမ်းအင်ပိုမှာ ဖြစ်ပြီးတော့ M 5.7 ထက်စာရင်တော့ ၁၀၀၀ (၃၂ x ၃၂) ဆ စွမ်းအင်ပိုမှာ ဖြစ်ပါတယ်။
ငလျင်ပြင်းအားဆိုတာကတော့ qualitative measure ဖြစ်ပါတယ်။ အမှန်တကယ် မြေကြီးလှုပ်ခပ်သွားတဲ့နှုန်းထားကို တိုင်းတာခြင်းပါ။
Ref: Earthquake Tips
အထက်ပါပုံမှာ ကြည့်လိုက်ရင် 100 Watt ဆိုတာက မီးလုံးရဲ့ ပမာဏ ဖြစ်ပါတယ်။ သူနက် အနီးဆုံး စာအုပ်က အလင်းရောင် အများဆုံး ရရှိပြီးတော့ တဖြည်းဖြည်းဝေးလာနဲ့အမျှ အလင်းရောင် မှိန်သွားတာဖြစ်ပါတယ်။ ဒီအလင်းရောင်တွေက ပြင်းအား ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲ့ဒီကြားနေရာတွေမှာ အကာအကွယ်ရှိရင်လည်း အကာအကွယ် အမျိုးအစားအလိုက် အလင်းကိုမှိန် စေမှာဖြစ်ပါတယ်။ ပိတ်စအကြည်နဲ့ ကာထားတာက အုတ်နံရံကာထားတာထက် အလင်ပိုများစေမှာပါ။
ဒီလောက်ဆိုရင် "ကျနော်အဆောက်အဦက Richter Scale 7 ရှိတဲ့ ငလျင်ကို ခံနိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းကို ဖြေနိုင်လောက်ပြီထင်ပါတယ်။ Richter Scale 7 (M 7) ဆိုတာက နေရာ အကွာ အဝေးရယ် မြေအမျိုးအစားရယ်ကို လိုက်ပြီးတော့ ပြင်းအားအမျိုးမျိုးဖြစ် ေစ ပါတယ်။ ကျနော်တို့ ငလျင်ဒဏ်ခံ ဒီဇိုင်း လုပ်တယ်ဆိုတာ ပြင်းအားကို ခံနိုင်အောင် လုပ်တာ ဖြစ်ပါတယ်။


0 Comments