One way slab
--------------------
One way slab ဆိုတာကတော့ supporting beam ၂ဘက်ဘဲ ပါရှိသော beam (သို့) supporting beam ၄ဘက်ပါပေမယ့် L/B>2 ရှိသော slab အမျိုးအစားကို ခေါ်တာ သိပြီးသား ဖြစ်ကြမှာပါ။ သို့ပေမယ့် load distribution နဲ့ rebar arrangement အကြောင်း နည်းနည်းလောက်ရေးလိုက်မေ (မသိသေးတဲ့ သူတွေ အတွက်ပါ 😊😊)။
One way slab ဆိုတဲ့အတိုင်း load က one direction အတိုင်းဘဲ ဖြန့်ပါတယ်။ supporting beam ၂ခု ဘဲ ရှိရင်တော့ ရှင်းပါတယ်။ support ဆီဘဲ loadက သွားမှာပါ။ load ဖြန့်တဲ့အတိုင်း slab က ကွေးတာ ဖြစ်တဲ့အတွက် main steel ကိုလည်း အဲ့ဒီ direction အတိုင်း ထည့်လိုက်ရုံပါဘဲ။
supporting beam ၄ခု ရှိပြီး L/B>2 ရှိတဲ့ slab ဆိုရင်ကော?
အဲ့ဒီ slab မျိုးမှာ ဆိုရင် span နှစ်ခု ခြားနားခြင်းများလွန်းတာကြောင့် short spanကိုဘဲ load ကရောက်ပြီး long span ကို ရောက်တာ အလွန်နည်းပါတယ်။ (အဲ့ဒါကြောင့် neglect လုပ်ကြတယ်) ။ ဆိုတော့ slab ကလည်း short span အတိုင်းဘဲ ကွေးမှာပါ။ အဲ့ဒါကြောင့် short span direction အတိုင်း main steel ထည့်ရပါတယ်။
Two way slab
------------------
Two way slab ဆိုတာက supporting beam ၄ဘက်လုံးမှာ ပါရှိပြီး L/B< 2 or L/B=2 ရှိတဲ့ slab တွေဘဲ ဖြစ်ပါတယ်။ Two way slab က one way slab နဲ့ မတူဘဲ load တွေကို direction ၂ခုစလုံးသို့ ဖြန့်ပေးပါတယ်။ အဲ့ဒီတော့ direction နှစ်ဘက်လုံးမှာ main steel ထည့်ရပါတယ်။
ဒီ slab မျိုးမှာ ၂ဘက်လုံးက main ဖြစ်တဲ့အတွက် major direction (main direction) နဲ့ minor direction ဆိုပြီးခွဲမှတ်ရပါတယ်။ Major direction အတိုင်းထည့်တဲ့ steel ကို outer most layer မှာထည့်ရပါတယ်။ (bottom steel ဆိုရင် အောက်ဆုံးမှာ ထည့်ပြီး top steel ဆိုရင် အပေါ်ဆုံးမှာ ထည့်ပါတယ်)။
ဆိုတော့ major နဲ့ minor ဘလိုခွဲမလဲ? short span ကို major ဆိုပြီး အလွတ်မှတ်မလား? (ကျနော်ကတော့ အလွတ်မှတ်တာတွေ သဘောမတွေ့ဘူး 😊😊)
ဘလိုခွဲလဲ ဆိုတော့ ဖြန့်တဲ့ load အပေါ်မူတည်ပြီးခွဲပါတယ်။ load တွေဖြန့်တဲ့အခါ tributary area ဆိုတာရှိပါတယ် (ပုံတွင် ဖော်ပြထားသည်။)
two way slab က square ဖြစ်နေမယ်ဆိုရင်တော့ ပြသနာမရှိပါဘူး။ tributary area တူမှာ ဖြစ်တဲ့အတွက် load ပမာဏလည်းတူမှာပါ ။ အကယ်၍ two way slab က rectangular ဖြစ်နေမယ်ဆိုရင် ပုံမှာပြထားသလို short span အတိုင်း ဖြန့်တဲ့ tributary area (trapezoidal area)က long span အတိုင်းဖြန့်တဲ့ tributary area (triangular area) ထက် ပိုများတာကို တွေ့ရမှာပါ။ ဒါကြောင့် slab က short span အတိုင်း ပိုကွေးမှာဖြစ်ပြီး အဲ့ဒီ direction ကို main direction or major direction ကိုခေါ်ပါတယ်။ အဲ့ဒီ direction အတိုင်းထည့်တဲ့ steel ကို outer most layer မှာထည့်ရပါတယ်(အပေါ်မှာ ပြောခဲ့သလို)
Isolated Footing
----------------------
Square footing နဲ့ Rectangular footing တွေဟာလည်း two way slab တွေပါဘဲ ။ ဒီ slab တွေမှာကော major direction နဲ့ minor direction ဘလိုခွဲမလဲ?
square footing ကတော့ ၂ဘက်လုံးအတူတူပဲမို့ ပြသနာ မရှိပါဘူး။ Rectangular footing ကိုဘဲ ခွဲရအောင်။
Rectangular footing က floor slab တွေနဲ့ မတူဘဲ support က column နေရာတစ်ခုဘဲ ရှိပါတယ်။ အဲ့ဒီ support ပေါ်မှာဘဲ upward soil pressure ကြောင့် ဖြစ်တဲ့ Bending Moment ကြောင့် footing slab က ကွေးတာပါ ။
Bending moment က moment arm များတဲ့ longer direction မှာ ပိုများတယ်ဆိုတာ တွေ့ရမှာပါ။ ဆိုတော့ အဲ့ဒီ longer direction က major direction or main direction ဖြစ်ပါတယ်။ အဲ့ direction အတိုင်းထည့်တဲ့ steel အောက်ဆုံးမှာ ထည့်ရမှာ ဖြစ်ပါတယ်။



0 Comments