(2) During Concreting
During concreting မှာလည်း အဆင့် (၃)ဆင့် ရှိနေပြန်ပါတယ်။
a. Placing
Concrete လောင်းတဲ့အခါ နောက်ဆုံးလောင်းပြီးခဲ့တဲ့နေရာနဲ့ တစ်ဆက်တည်းလောင်းရမှာဖြစ်ပြီးတော့ လောင်းပြီးသား ကွန်ကရစ်နဲ့ opposite direction အတိုင်း လောင်းသင့်ပါတယ်။
Concrete ကို နေရာများများမှာ စုပုံပြီးမှ တစ်ဆက်တည်းဖြစ်အောင် ညှိလိုက်တာမျိုးမလုပ်သင့်သလို၊ တစ်နေရာတည်းမှာ ပမာဏအများကြီးစုပုံလိုက်ပီးမှ ဘေးတိုက်ရွေ့လိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ရင် segregation ဖြစ်စေပါတယ်။
Concrete wall, column, thick slab နဲ့ thick foundation တွေလောင်းတဲ့ uniform layer အလိုက်လောင်းရမှာ ဖြစ်ပြီးတော့၊ ဒုတိယ layer မလောင်းခင် ပထမ layer ကို consolidation ကောင်းကောင်း လုပ်ဖို့လိုအပ်ပါတယ်။ ပထမ layer က setting မဖြစ်ခင် ဒုတိယ layer ကို လောင်းသင့်ပါတယ်။ Thickness of layer က RC member တွေအတွက်ဆိုရင် (6 in-20 in) ဖြစ်ပြီးတော့ mass concrete အတွက်ဆိုရင် (15 in-20 in ) ဖြစ်ပါတယ်။
Slab တွေ မှာ၊ form work အပေါ်မှာ concrete လောင်းရင် segregation မဖြစ်အောင်လို့ concrete ကို အကွာအဝေး အရှည်ကြီး horizontally ရွေ့တာမျိုး မလုပ်သင့်ပါဘူး။
Sloping site မှာ concrete လောင်းမယ်ဆိုရင် lowest level ကနေ စလောင်းသင့်ပါတယ်။
b.Consolidation
Consolidation ဆိုတာက honeycomb မဖြစ်အောင် လေခိုတာတွေ မဖြစ်အောင် reinforcement ကြားထဲကို concrete တွေ ရောက်အောင် compact လုပ်ခြင်းဖြစ်ပါတယ်။ hand rodding လုပ်လို့ရသလို mechanical consolidation လည်း လုပ်လို့ရပါတယ်။
Mechanical consolidation ထဲမှာ အသုံးများတာကတော့ vibration ဖြစ်ပါတယ်။ vibration မှာ internal vibration နဲ့ external vibration ဆိုပြီးတော့ ရှိပါတယ်။
Internal Vibration
Internal vibrator တွေကို spud or poker vibrator လို့လည်းခေါ်ပြီးတော့ concrete wall, column, beam & slab တွေမှာ အသုံးများပါတယ်။ Vibrating rod ရဲ့ size ပေါ်မူတည်ပြီးတော့ effective radius of action ကွာပါတယ်။ ဆိုလိုတာက vibrating rod ကြီးရင် vibrator ထိုးရတဲ့ spacing ကျဲနိုင်ပြီးတော့ vibrating rod သေးရင် spacing စိတ်နိုင်ပါတယ်။ 20mm to 40mm (3/4” to 1 ½”) diameter ရှိတဲ့ vibrator တွေမှာ effective radius of action 75mm to 150mm (3” to 6”) ရှိနိုင်ပြီးတော့၊ 50mm to 80mm (2” to 5”) diameter ရှိတဲ့ vibrator တွေမှာ effective radius of action 180mm to 350mm (7” to 14”)အထိ ရှိနိုင်ပါတယ်။
Vibrator ကိုမှန်မှန်ကန်ကန်သုံးတတ်မှ ကောင်းမွန်တဲ့ result ကိုရရှိမှာဖြစ်ပါတယ်။ Vibrator ကိုသုံးပြီးတော့ concrete ကို မရွေ့ရပါဘူး ( vibrator က consolidation အတွက်ပါ)။ အဲ့လို ရွေ့ရင် segregation ဖြစ်စေပါတယ်။ Vibrator ကို vertically အတိုင်း regular spacing မှာ ထိုးရမှာဖြစ်ပါတယ်။ အလွှာလိုက်လောင်းတဲ့ concrete တွေမှာဆိုရင် ပထမ လောင်းထားတဲ့ အလွှာထဲကို vibrator က အနည်းဆုံး 150mm (6”) ဝင်ရမှာဖြစ်ပါတယ်။ Vibrator ထိုးရမဲ့ point တစ်ခုနဲ့ တစ်ခုရဲ့ distance ကတော့ 1 ½ x effective radius of action ဖြစ်ပါတယ်။ ဒါမှ vibrate ဖြစ်တဲ့ area တစ်ခုနဲ့ တစ်ခု ထပ်မှာပါ။ vibrator တစ်ခါထိုးရင် 5 sec to 15 sec လောက်ပဲ ကြာသင့်ပါတယ်။ ( တစ်နေရာတည်းမှာ စိမ်မနေသင့်ပါဘူး)။ vibrator ကိုလည်း ဖြည်းဖြည်းချင်း ဆွဲနှုတ်သင့်ပါတယ်။
External Vibration
External vibrator အမျိုးစားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. Form vibrators
2. Vibrating tables
3. Surface vibrators
Surface vibrators (vibratory screeds, plate vibrators, vibratory roller screeds, or vibratory hand floats or trowels)
တစ်ခုချင်းစီရဲ့ အသုံးပြုပုံကို video တင်ပေးပါမယ်။
Form vibrator တွေကို formwork ရဲ့ အပြင်ဘက် ချုပ်တန်း မှာတပ်ဆင်ထားတာဖြစ်ပါတယ်။ Reinforcement ကြပ်တဲ့ column တွေ wall တွေကို consolidation လုပ်ရာမှာ သုံးပါတယ်။ Form vibrator သုံးရန်အတွက် formwork က ခိုင်ခန့်နေရပါမယ်။ External vibrator တွေရဲ့ duration က Internal vibrator တွေထက် ပိုကြာပါတယ်။ ၁ မိနစ်ကနေ ၂ မိနစ်ထိ ဖြစ်ပါတယ်။ Vertical formwork တွေရဲ့ အပေါ်ပိုင်း ၁မီတာ အတွင်း form vibrator တွေ မတပ်ဆင်သင့်ပါဘူး။
Surface vibrator တွေကို concrete slab, concrete road စတဲ့ flatwork လုပ်ငန်းတွေမှာသုံးပါတယ်။ surface vibrator အတွက်ဆိုရင် concrete slump က 75mm (3 in) ထက်မပိုရပါဘူး။
c. Finishing
Concrete လောင်းပြီးသွားရင် slab တွေရဲ့ မျက်မှာပြင်ကို ညီအောင် ညှိရပါတယ်။ sreeding (strikeoff) လို့ခေါ်ပါတယ်။ အဲ့လိုလုပ်ပြီးတာနဲ့ ချက်ချင်း concrete ရဲ့မျက်နှာပြင် မှာ spots လေးတွေ မရှိနေအောင် Aggregate တွေပေါ်နေတာမျိုးမရှိအောင် finishing လုပ်ပေးရပါတယ်။ finishing လုပ်တဲ့အခါ troweling (သံလက်ကိုင်ခြင်း), floating (လက်ပွတ်လိုက်ခြင်း), power floating (အချောကိုင်စက်သုံးခြင်း) စတဲ့ နည်းတွေ ရှိပါတယ်။ floating or troweling များများလုပ်လိုက်ခြင်းက durability of concrete ကို ထိခိုက်စေပါတယ်။ Finishing လုပ်တဲ့အထဲမှာ edging & jointing လည်းပါဝင်ပါတယ်။ edging ဆိုတာကတော့ အနားသပ်ပေးတာဖြစ်ပါတယ်။ Jointing ( contraction joint) လုပ်ခြင်းဖြင့် concrete cracking ဖြစ်တာကို ကာကွယ်နိုင်ပါတယ်။ joint ဖြတ်မဲ့နေရာတွေမှာ formwork ကို အမှတ်အသားလုပ်ပြီးတော့ aggregate တွေမရှိအောင် သံ (သို့) သစ်သားချောင်း သုံးပီးတော့ ဖိချထားသင့်ပါတယ်။ Bullfloating လုပ်ပီးတာနဲ့ ချက်ချင်း joint ဖြတ်သင့်ပါတယ်။ Joint တိုင်း ကိုလည်း edging လုပ်သင့်ပါတယ်။
REF: Design and Control of Concrete Mixer (Steven H. Kosmatka, Beatrix Kerkhoff, and William C. Panarese)
0 Comments