Concrete ဆိုသည်မှာ aggregate (60% to 75%) နဲ့ paste (25% to 40%) ကိုပေါင်းထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Aggregate မှာ coarse aggregate (eg. Gravel or crushed stone) နဲ့ fine aggregate (eg. Sand ) ဆိုပြီး နှစ်မျိုးပါ၀င်ပါတယ်။ paste ဆိုတာက cementitious material နဲ့ water ရောထားတာဖြစ်ပြီးတော့ entrapped air or entrained air (4% to 8%)ပါ၀င်ပါတယ်။ cement နဲ့ water ရဲ့ chemical reaction ကြောင့် paste က မာကျောလာပြီးတော့ aggregates တွေကို binding လုပ်ပါတယ်။ ဒီလိုနဲ့ concrete ဆိုတဲ့ rocklike mass တစ်ခုဖြစ်လာပါတယ်။ Concrete quality က aggregate နဲ့ paste အပေါ်မှာ မူတည်သလို နှစ်ခုကြားက bond quality ပေါ်မှာလည်း မူတည်ပါတယ်။ Concrete quality ကို influence ဖြစ်စေတဲ့ နောက်တစ်ခုကတော့ water-cement ratio ဖြစ်ပါတယ်။ အကြမ်းအားဖြင့် water-cement ratio များလေလေ concrete strength လျော့လေလေ လို့ပြောလို့ရပါတယ်။
Concrete အကြောင်းပြောရင် chemical admixture အကြောင်းလည်း မပါမဖြစ်ပါဘဲ။ chemical admixture သုံးရတဲ့ ရည်ရွယ်ချက်ကတော့ (၁) setting time ကို တိုးချင်/ လျော့ချင်လို့ (၂) water demand လျော့ချင်လို့ (၃) workability တိုးချင်လို့ စတာတွေပဲ ဖြစ်ပါတယ်။
Concrete Inspection လုပ်ရာမှာ အဆင့် (၃)ဆင့်ရှိပါတယ်။
1. Before Concreting
2. During Concreting
3. After Concreting
Concrete မလောင်းခင် မဖြစ်မနေ လုပ်ရမယ့် အဓိက အချက်တွေကတော့-
Concrete လောင်းမယ့် member တွေရဲ့ Alignment, Level, Plumb, Dimesions and shape တွေကို စစ်ဆေးရပါမယ်။
Formwork တွေကို cleaning လုပ်ရပါမယ်။
Concrete မှာပါတဲ့ ရေတွေကို formwork က စုပ်ယူသွားမျိုးမဖြစ်စေရန် formwork ကို moisten လုပ်ရပါမယ်။
Subgrade ပေါ်တင်လောင်းရမယ့် concrete တွေအတွက်ဆိုရင် subgrade ကို moisten လုပ်ရပါမယ်။
Harden concrete ပေါ်မှာ တင်လောင်းမယ်ဆိုရင် harden concrete ကို rough ဖြစ်အောင် ပြုလုပ်ပြီးတော့ cleaning လုပ်ရပါမယ်။
Reinforcement တွေရဲ့ size, number, location, length, concrete cover, splices, end encourages, hook, bends, spacing of bar, stirrups and ties, စတာတွေကို စစ်ဆေးရပါမယ်။ stability ( wiring, chairs, spacer blocks)and cleaness of reinforcement ကိုလည်း စစ်ဆေးရမှာ ဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ concrete weight ကြောင့် settlement တွေ buckling တွေ မဖြစ်စေဖို့ formwork တွေကို support လုပ်ထားတဲ့ T-support တွေရဲ့ ခိုင်ခံ့မှုရှိမရှိ၊ stability ရမရ စစ်ဆေးပေးရမှာဖြစ်ပါတယ်။
External Scaffolding တွေရဲ့ ခိုင်ခန့်မှု၊ Labour တွေရဲ့ PPE ပြည့်စုံမှု ကို စစ်ဆေးပေးရပါမယ်။ (ဒါတွေကတော့ နယ်ဘက်တွေမှာ သိပ်မလုပ်ကြတဲ့ အရာတွေပါ။)
REF: Design and Control of Concrete Mixer (Steven H. Kosmatka, Beatrix Kerkhoff, and William C. Panarese)
: Refresher Course and Field Reference Manual ( U Nyi Hla Nge)
0 Comments