ငလျင်လှုပ်လိုက်ရင် မြေကြီးက ရွေ့လျားသွားပါတယ်။ ဒါကြောင့် အဲ့ဒီမြေကြီးပေါ်မှာရှိတဲ့ အဆောက်အဦရဲ့ အောက်ခြေဟာလည်းပဲ ရွေ့သွားပါတယ်။ Newton's First Law of Motion အရ ရပ်နေတဲ့အရာဝတ္ထုဟာ ရပ်မြဲရပ်နေလိုပါတယ်။ ဒါကြောင့် အဆောက်အဦရဲ့ အောက်ခြေရွေ့သွားပေမယ့် အပေါ်ပိုင်းအလွှာတွေနဲ့ ခေါင်မိုးဟာ သူ့နေရာမှာသူ ရှိနေချင်ကြပါတယ်။ ဒါပေမယ့် အလွှာတစ်ခုနဲ့ တစ်ခုကို column တွေ wall တွေနဲ့ ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် အပေါ်ပိုင်းအလွှာတွေနဲ့ ခေါင်မိုးကို ဆွဲယူသွားပါတယ်။ ဒါ့ပြင် floors တွေနဲ့ roof ကလည်း columns တွေကို ပြန်ဆွဲထားသလို ဖြစ်သွားပါတယ်။ ဒီဆွဲအားကို inertia force လို့ ခေါ်တာဖြစ်ပါတယ်။
ဒီလိုအခြေအနေက ကျနော်တို့ bus ပေါ်ရပ်နေချိန် ကားက ရုပ်တရက် ထွက်လိုက်တဲ့အခါမှာ ကျနော်တို့ရဲ့ ခြေထောက်တွေက ရှေ့ကို ရောက်သွားပီး ခေါင်းက နောက်မှာကျန်ခဲ့သလိုမျိုး။
အဆောက်အဦရဲ့ အောက်ခြေရွေ့သွားချိန်မှာ အပေါ်ပိုင်းက မရွေ့သေးတာ ဖြစ်တဲ့အတွက် column ရဲ့အပေါ်ပိုင်းနဲ့ အောက်ပိုင်းကြား အရွေ့လေး ဖြစ်သွားပါတယ်။ အဲ့လိုဖြစ်လာတဲ့အချိန် columnကလည်း အဖြောင့်အတိုင်းပြန်ဖြစ်ချင်တဲ့အတွက် column ထဲ stress တွေ ဖြစ်လာပါတယ်။ အပေါ်နဲ့ အောက် ကြား ကွာဟမှု များလေလေ column ထဲ stress တွေ များလေလေ ဖြစ်ပါတယ်။ နောက်ပြီးတော့ column က stiff ဖြစ်လေလေ (တောင့်တင်းလေလေ) stress များများ လက်ခံရလေလေ ဖြစ်ပါတယ်။
floors တွေနဲ့ roof မှာ ဖြစ်တဲ့ inertia force ဟာ columns တွေ walls (load bearing walls / shear walls) တွေ က တစ်ဆင့် foundation ဆီကူးသွားကြတာဖြစ်ပါတယ်။ ဒါကြောင့် columns တွေ walls တွေက အရေးကြီးဆုံး အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ( slab လောင်းတာကိုပဲ အာရုံ မစိုက်သင့်ပါ။)



0 Comments