Concrete Curing
Curing ဆိုတာက concrete မှာရှိတဲ့ moisture content ကို အချိန်အတိုင်းအတာ တစ်ခုထိ ထိန်းထားခြင်းဖြစ်ပါတယ်။ Curing ကို finishing လုပ်ပြီးတာနဲ့ချက်ချင်း ပြုလုပ်လို့ရပါတယ်။ Strength of concrete က proper curing လုပ်တာနဲ့ သပ်ဆိုင်နေပါတယ်။ Desired strength ကို ရချင်ရင်တော့ curing မှန်ကန်စွာ လုပ်ပေးဖို့လိုအပ်ပါတယ်။ Concrete က moisten ဖြစ်နေမှ strength က တိုးလာမှာဖြစ်ပါတယ်။ moisten လုပ်တာကို ရပ်လိုက်တာနဲ့ strength ကလည်း ရပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ curing လုပ်တယ်ဆိုတာ မနက်တစ်ခေါက် ညနေတစ်ခေါက် ရေလောင်းပေးရုံနဲ့ မရပါဘူး။ Continuously moisten ဖြစ်နေရမှာပါ။ curing compound ဆိုတာက တော့ slab ပေါ်မှာ ရေကန်သဖွယ်ပြုလုပ်ပြီးတော့ ရေကို လှောင်ထားတာပါ။ ဒီနည်းနဲ့ သုံးလို့ရသလို၊ ရေလောင်းမယ်ဆိုရင်လည်း အဆက်မပြတ် လောင်းနေသင့်ပါတယ်(sprinklers တွေကို သုံးသင့်ပါတယ်) ။ စိုစွတ်နေတဲ့ ဂုန်နီအိတ်တွေ၊ အဝတ်စတွေကို သုံးမယ်ဆိုရင်လည်း အိတ်တွေ /အဝတ်စတွေ က အမြဲစိုစွတ်နေရပါမယ်။
Concrete ကို အနည်းဆုံး ၃ရက် အဆက်မပြတ် curing လုပ်သင့်ပါတယ်။ Curing မလုပ်တဲ့ concrete ဟာ desired strength ရဲ့ 50% ကျော်ကျော်လောက်ဘဲ ရနိုင်ပါတယ်။ ၃ရက် curing လုပ်ရင်တော့ desired strength ရဲ့ 80% နီးပါးရနိုင်ပါတယ်။ ၇ ရက် curing လုပ်ရင်တော့ desired strength ရဲ့ 90% လောက်ထိ ရနိုင်ပါတယ်။ ၁၄ ရက် လောက်ရင်တော့ ပိုကောင်းပါတယ်၊ ၂၈ ရက် လုပ်ရင်တော့ ကောင်းဆုံးပါ။
REF: Design and Control of Concrete Mixer (Steven H. Kosmatka, Beatrix Kerkhoff, and William C. Panarese)
0 Comments