Reinforced Concrete ရဲ့အနှစ်သာရဖြစ်တဲ့ Steel နဲ့ Concrete အတူတကွ အလုပ်လုပ်ဖို့ဆိုတာက အဲ့ဒီ materials နှစ်ခုကြားက bond strength နဲ့ ဆိုင်ပါတယ်။ Bond strength ကောင်းဖို့ဆိုတာတော့ materials နှစ်ခုကြားမှာရှိတဲ့ friction နဲ့ ဆိုင်ပါတယ်။ သံချောင်း တစ်ချောင်းကို ကွန်ကရစ်ထဲ အနည်းငယ်မြှုတ်ထားမယ်ဆိုရင် သံချောင်းကျွတ်ထွက်လာဖို့အတွက် သင့်တော်တဲ့အားတစ်ခုနဲ့ ဆွဲဖို့ လိုပါမယ်။ ဒါပေမယ့် မြှုတ်ထားတဲ့ အလျားက လုံလုံလောက်လောက်ရှိနေရင်တော့ သံချောင်းက ကျွတ်ထွက်မလာဘဲ yield ဖြစ်လာမှာ (ရှည်ထွက်လာမှာ) ဖြစ်ပါတယ်။ သံချောင်းက ကွန်ကရစ်ထဲက မကျွတ်ထွက်ဘဲ yield strength အထိ အဆွဲခံနိုင်အောင် (သို့) အဖိခံနိုင်အောင် ကွန်ကရစ်ထဲမှာ မြှုတ်ထားရတဲ့ အလျားကို development length လို့ခေါ်တာဖြစ်ပါတယ်။
RC အဆောက်အဦတွေမှာဆိုရင် member တစ်ခုက သံချောင်းက တခြား member ထဲကို ld ဝင်ပေးမှ design လုပ်ထားတဲ့ loading ကို ခံနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ld ကို အဖြောင့်အတိုင်း သုံးမယ်ဆိုရင် အလျားက beam width or column width မှာဆံ့တော့ မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့က ldh လို့ ခေါ်တဲ့ development length for standard hook ကို သုံးပေးရတာဖြစ်ပါတယ်။ ldh ကို သုံးမယ်ဆိုရင် သံချောင်းရဲ့ အဆုံးကို standard hook နဲ့ အဆုံးသတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက တော်တော် အရေးကြီးပါတယ်။ standard hook အတိုင်းသာ မဖြစ်နေရင် ldh ကို သုံးလို့ရမှာ မဟုတ်ပါဘူး။ ldh က ရိုးရိုး ld နဲ့စာရင် တစ်ဝက်လောက် လျော့ကျသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက standard hook ကြောင့်သာ ဖြစ်ပါတယ်။အောက်ပါအချက်တွေက development length အပေါ် အကျိုးသက်ရောက်မှုရှိတာဖြစ်ပါတယ်။1. Yield strength of Reinforcing bar, fy. သံချောင်းရဲ့ yield strength, fy များလေလေ ld ပိုရှည်လေလေ ဖြစ် ပါတယ်။ ဘာလို့လဲ ဆိုရင် fy များလေလေ ပြတ်ဖို့အတွက် အားလိုလေလေ ဖြစ်လို့ပါ။
2. Quality of concrete. ကွန်ကရစ်ရဲ့ strength ကောင်းလေလေ ld တိုလေလေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် bond strength ကောင်းကောင်းနဲ့ သံချောင်းကျွတ်မထွက်အောင် ဆွဲထားလို့ပဲ ဖြစ်ပါတယ်။
3. Bar size and location in the concrete. သံချောင်း size ကြီးလေလေ ld ပိုရှည်လေလေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သံချောင်းအကြီးက အသေးထက် ပြတ်ဖို့အတွက် အားပိုလိုတာကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ သံချောင်း တစ်လွှာရဲ့ အောက်မှာ ကွန်ကရစ်ထု ၁၂လက်မ အထက် ရှိနေရင် hardening process မှာ ကွန်ကရစ် shrink ဖြစ်တာကြောင့်မို့ bond strength မကောင်းတော့ပါဘူး။ ဒီလိုမျိုး သံချောင်းတစ်လွှာရဲ့အော်မှာ ကွန်ကရစ်ထု ၁၂လက်မ အထက် ရှိနေရင် ဒီသံချောင်း ကို top bar လို့ သတ်မှတ်ပါတယ်။ (beam ရဲ့ top bar မဟုတ်ပါဘူး။ ဒါပေမယ့် beam depth က 18" သာဖြစ်နေမယ်ဆိုရင် beam ရဲ့ top bar အောက်မှာ ကွန်ကရစ်က ၁၂လက်မ အထက် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း top bar လို့ သတ်မှတ်ပါတယ်။ beam ရဲ့ top bar က သပ်သပ်ပါ။ ဒီ top bar ဆိုတာက သံချောင်းအောက်မှာ ကွန်ကရစ်ထု ၁၂လက်မ ရှိနေတဲ့အတွက် သတ်မှတ်တာ ဖြစ်ပါတယ်။) ဒီလို top bar တွေမှာ ld ပိုရှည်ဖို့ လိုပါတယ်။
4. Concrete cover to reinforcements. Concrete cover နည်းရင် ကွန်ကရစ်က crack ဖြစ်ပြီး ကွဲထွက်မှာ ဖြစ်တဲ့အတွက် bond strength ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် cover လုံလောက်ဖို့ လိုပါတယ်။
5. Confinement of bars by lateral ties. Ties တွေ stirrups တွေနဲ့ သေချာ confinement ကောင်းကောင်းလုပ်ထားရင် main bar ပတ်ပတ်လည်မှာရှိတဲ့ ကွန်ကရစ်တွေ့ ကွဲထွက်မသွားအောင် ကာကွယ်ပါတယ်။


0 Comments